နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ
ကိုယ်ကြိုက်သဖြင့် ကိုယ်ဒေါင်းသော ဖုန်းဆော့ဝဲ များစုစည်းမှု
welcome to 2012
2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်
Monday, December 17, 2012
Wednesday, May 2, 2012
soccermyanmar
အင်္ဂလန် အသင်း မန်နေဂျာသစ်
ရွိုင်ဟော့ဂ်ဆန်က မိမိ အနေဖြင့် အသင်းအတွက် ရီယိုဖာဒီနန်နှင့်
ဂျွန်တယ်ရီတို့ နှစ်ဦးလုံးကို အလိုရှိကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန် အသင်း မန်နေဂျာ ရာထူးကို ပူပူနွေးနွေး လက်ခံထားသည့် ဟော့ဂ်ဆန်အတွက် ပထမဆုံး ကိုင်တွယ်ရမည့် ကိစ္စသည် ဗဟိုခံစစ်သမား နှစ်ဦး၏ ပုဂ္ဂိုလ်ရေး တင်းမာမှုကို ကြားဝင်ညှိနှိုင်းရန် ဖြစ်လာသည်။ ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ဖာဒီနန်၏ ညီဖြစ်သူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ထိုကိစ္စတွင် ဖာဒီနန်က ညီဖြစ်သူဘက်မှ အပြည့်အ၀ ရပ်တည်ခဲ့သည့်နောက် တယ်ရီနှင့် ၎င်းတို့ကြား တင်းမာမှုများ တည်ရှိနေခဲ့သည်။
ဟော့ဂ်ဆန်က "ကျွန်တော် တယ်ရီရော၊ ဖာဒီနန်နဲ့ပါ ဆက်သွယ်ပြီး စကားပြောပါမယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုး ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုလည်း ကျွန်တော်တို့ နည်းလမ်း ရှာရမှာပါ" ဟု ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော် သူတို့ နှစ်ယောက်နဲ့ စကားပြောဖို့ လိုတယ်ဆိုတာက နားလည်မှု လွဲတဲ့ မှတ်ချက်မျိုး မဖြစ်စေချင်ဘူး။ တကယ်တော့ အင်္ဂလန်ရဲ့ စီနီယာ ကစားသမား တော်တော် များများနဲ့ ကျွန်တော် စကားပြောဖို့ လိုအပ် နေတာပါ" ဟုလည်း ဆိုသည်။
ကျွန်တော် တယ်ရီရော၊ ဖာဒီနန်နဲ့ပါ ဆက်သွယ်ပြီး စကားပြောပါမယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုး ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုလည်း ကျွန်တော်တို့ နည်းလမ်းရှာရမှာပါ...
ဟော့ဂ်ဆန်သည် ပွဲပယ်ပြစ်ဒဏ် ထိထားသူ တိုက်စစ်မှူး ၀ိန်းရွန်နီကိုလည်း ဥရောပ ဖလား ပြိုင်ပွဲဝင် အသင်းအတွက် ရွေးချယ်ဖွယ်ရှိကြောင်း ဆိုသည်။ ၎င်းသည် အသင်း၏ နည်းပြ အဖွဲ့ အတွက်မူ သီးခြား စဉ်းစား ရဦးမည် ဖြစ်သည်။

ဖူလ်ဟမ်ကို အရေး နိမ့်ခဲ့သော ပွဲစဉ်တွင်
မိမိတို့ အသင်းသား များ၏ စိတ်ဓာတ်ပိုင်းနှင့် ပတ်သက်ပြီး အားရစရာ
မရှိကြောင်း လီဗာပူးလ် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်က ဝေဖန်လိုက်သည်။
ထို့အပြင် လီဗာပူးလ် အသင်းသားများ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းနှင့် ပတ်သက်ပြီးလည်း စကော့သား မန်နေဂျာကြီးက မေးခွန်းထုတ်ခဲ့သည်။ လီဗာပူးလ်သည် အင်္ဂါနေ့ညက ဖူလ်ဟမ် အသင်းအား (၁-၀)ဖြင့် အရေး နိမ့်ခဲ့သည်။ နောက်ခံလူ မာတင်စကာတယ်လ် (၉)မိနစ်တွင် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သည့်နောက် ရလဒ်ပိုင်းကို လီဗာပူးလ်က အပြောင်းအလဲ ဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ လီဗာပူးလ်သည် ထိုပွဲတွင် လူးဝစ်ဆွာရက်ဇ်၊ စတီဗင်ဂျရတ်၊ ကရိတ်ဂ်ျဘယ်လာမီတို့ကို ထုတ်မသုံးဘဲ ချယ်လ်ဆီးနှင့် ကစားမည့် FA ဖလား ဗိုလ်လုပွဲ အတွက် လူချန် သွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ အိမ်ကွင်းတွင် အရေး နိမ့်ခဲ့ခြင်းသည် ဆိုးရွားလွန်းကြောင်း ဒဲလ်ဂလစ်ရှ်က ဆိုသည်။

"အသင်းရဲ့ စိတ်ဓာတ်ပိုင်းက မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ အသင်းဟာ ကောင်းမွန်တဲ့ စိတ်ဓာတ် ခိုင်မာမှု မရှိရင် စွမ်းဆောင်ရည်ပိုင်းလည်း ကျဆင်း သွားတာပါပဲ။ ဒါဟာ ကျွန်တော်တို့ မျက်မြင် ကြုံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်" ဟု ဒဲလ်ဂလစ်ရှ်က သုံးသပ်ခဲ့သည်။ ၎င်းက "ကျွန်တော် စနေနေ့ FAဖလား ဗိုလ်လုပွဲ အတွက် အသင်းသားတိုင်းကို အခွင့်အရေး ပေးချင်တာကြောင့် အသင်းမှာ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ရှုံးပွဲကြုံရတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ရင်တောင် ကျွန်တော်တို့ အသင်း လူစာရင်းဟာ မျှတမှု ရှိခဲ့ပါတယ်။ ကျွန်တော်က အသင်းသားတိုင်း အတွက် အခွင့်အရေး ပေးချင်တာဟာ အမှားတစ်ခု ဖြစ်ကောင်း ဖြစ်ခဲ့မှာပါ" ဟုလည်း ဖွင့်ဟခဲ့သည်။
အသင်းရဲ့ စိတ်ဓာတ်ပိုင်းက မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ အသင်းဟာ ကောင်းမွန်တဲ့ စိတ်ဓာတ် ခိုင်မာမှု မရှိရင် စွမ်းဆောင်ရည်ပိုင်းလည်း ကျဆင်း သွားတာပါပဲ။ ဒါဟာ ကျွန်တော်တို့ မျက်မြင် ကြုံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်...
ဖူလ်ဟမ်သည် အန်းဖီးလ်တွင် လွန်ခဲ့သည့် အကြိမ်(၃၀) တွေ့ကြုံမှုအတွင်း လုံးဝ နိုင်ပွဲ မရှိခဲ့ချေ။ ဒဲလ်ဂလစ်ရှ်က "ဖူလ်ဟမ်နဲ့ ပွဲမှာ အပေါင်း လက္ခဏာဆောင်တဲ့ အချက်လေး တစ်ခု၊ နှစ်ခုလောက်တော့ ရီခဲ့ပါတယ်။ ဒါပေမဲ့ အဆိုးဘက်က ပိုများခဲ့တယ်။ ကျွန်တော်တို့ဟာ ပွဲရဲ့ Tempoကို မချုပ်ကိုင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီထက်မြန်မြန် Tempo တင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ပြောရရင် ကျွန်တော်တို့ဟာ ဒီပွဲမှာ ဘယ်အရာနဲ့မှ မထိုက်တန်ခဲ့ပါဘူး" ဟု ထုတ်ဖော် ပြောကြားသွားသည်။

Monday, March 12, 2012
soccermyanmar.com
ချယ်လ်ဆီး အသင်းသည် အိမ်ကွင်းတွင် (၁၀)ယောက်ကျန် စတုတ်ခ် စီးတီးကို ဒီဒီရာ ဒရော့ဂ်ဘာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရခဲ့ရာ ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယို၏ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်သည် ကျေနပ်စရာ ဖြစ်လာခဲ့သည်။
ချယ်လ်ဆီးသည် ဒရော့ဂ်ဘာကို ရှေ့တင်ကာ ဆော်လမွန်ကာလူး၊ ဖရန့်ခ်လမ်းပတ်၊ ရာမီရက်စ်၊ ဂျွန်အိုဘီ မီခေးလ်၊ ရောမီရာလက်စ်တို့က ကွင်းလယ်မှ ပံ့ပိုးခဲ့သလို နောက်တန်းတွင် ဂယ်ရီကာဟေးလ်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ဘလာနီဆလက်ဗ် အိုင်ဗန်နိုဗစ် တို့ဖြင့် လူစုံခဲ့သည်။ စတုတ်ခ်တွင် ရီကာဒိုဖူလာ၊ ဂျိုနသန်ဝေါ်တာစ်၊ ကင်ဝိန်းဂျုံးစ်၊ ဆာလစ်ဖ်ဒိုင်အို၊ ဒင်းဝှိုက်ဟတ်၊ ရိုင်ယန်ရှော်တန်၊ မာ့ခ်ဝီလ်ဆင်၊ ရိုင်ယန်ရှောခရော့စ်၊ ရောဘတ်ဟုသ်စသည့် အဓိက ကစားသမားများ ပါဝင်ခဲ့သည်။

ပွဲအစ (၄)မိနစ်တွင် ချယ်လ်ဆီး ကွင်းလယ်လူ လမ်းပတ် ကန်တင်ပေးသော ထောင့်ကန်ဘောသည် Markingလွတ်နေသည့် နောက်ခံလူ အိုင်ဗန်နိုဗစ်ထံ ရောက်သွားသော်လည်း ၎င်း၏ ခေါင်းတိုက်ချက်မှာ ဘားတန်း ကျော်ထွက်သွားခဲ့သည်။ အိုင်ဗန်နိုဗစ်၏ နေရာ ယူပုံသည် အကောင်းဆုံး၊ အပြည့်စုံဆုံး ဖြစ်ခဲ့သော်လည်း ပစ်မှတ်လွဲသွားခြင်းဖြစ်သည်။ (၁၀)မိနစ်တွင် ချယ်လ်ဆီး ခံစစ်မှူး ကာဟေးလ် တိုက်စစ်ထိ လိုက်ပါလာပြီး ဂိုးသွင်းရန် အားထုတ်မှုကို စတုတ်ခ် ဂိုးသမား အာစမာ ဘီဂိုဗစ် လက်စွမ်းပြ ကာကွယ်သွားသည်။ (၁၆)မိနစ်တွင် ကာလူး ဖြတ်တင်ပေးသော ဘောလုံးသည် ဒရော့ဂ်ဘာကို ကျော်ကာ ရာမီရက်စ်ထံ ကျသွားသော်လည်း ဘရာဇီးလ် ကွင်းလယ် ကစားသမား၏ ခေါင်းတိုက်ချက်မှာ လွဲချော် သွားခဲ့သည်။ (၁၈)မိနစ်တွင် တယ်ရီ့ အမှားမှတစ်ဆင့် ဝေါ်လ်တာစ် အခွင့်အရေး တစ်ရပ် ရခဲ့သော်လည်း ချယ်လ်ဆီး၏ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်အတွဲဖြစ်သော ကာဟေးလ်နှင့် တယ်ရီတို့ ပူးပေါင်း တားဆီးခဲ့ရသည်။ (၂၅)မိနစ်တွင် စတုတ်ခ် တိုက်စစ်မှူး ဖူလာကို အားကစားသမား မပီသသော အပြုအမူအတွက် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်လိုက်သည်။ ဖူလာသည် ၎င်းထံမှ ဘောလုံးကို ၀င်ဖျက်သော အိုင်ဗန်နိုဗစ်အား ရည်ရွယ်ချက် ရှိရှိ ကန်ကျောက်ခဲ့သည်။
တစ်ယောက် အသာ ရခဲ့ပြီးနောက် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် တိုက်စစ်ဆင်ရန် ပိုမို ကြိုးပမ်းလာခဲ့သည်။ (၃၂)မိနစ်တွင် တယ်ရီ၏ မြေစိုက် ခေါင်းတိုက်ချက် စတုတ်ခ်ဘက် ဂိုးဘားတန်းကို ကျော်ထွက်သွားခဲ့ပြန်သည်။ (၃၅)မိနစ်တွင် ရာမီရက်စ်၏ ဖြတ်ပို့မှုကို ဒရော့ဂ်ဘာ ခေါင်းဝင် တိုက်သော်လည်း လွဲချော်ခဲ့ရာ လမ်းပတ်က ထပ်ဆင့် ကန်သွင်းမှုသည်လည်း ဂိုးပေါက် မတည့်ခဲ့ပြန်ချေ။ (၃၆)မိနစ်တွင် အိုင်ဗန်နိုဗစ်နှင့် လမ်းပတ်တို့၏ ပူးပေါင်း အားထုတ်မှုမှာလည်း စတုတ်ခ်၏ ဂိုးပေါက်ထဲ ဘောလုံး ရောက်သွားသည် အထိ မအောင်မြင်ဘဲ ဖြစ်ခဲ့သည်။ (၃၈)မိနစ်တွင် ရာမီရက်စ်ကို ထုတ်ပြီး ဂျူအန်မာတာကို ၀င်ကစားစေကာ ချယ်လ်ဆီး မန်နေဂျာ ဒီမက်တီယိုက တိုက်စစ်အရှိန်ကို မြှင့်တင်ခဲ့သည်။ ယခုပွဲတွင် တိုက်စစ်ကို ထိရောက်စွာ လိုက်ပါ ပံ့ပိုးနေသော ညာနောက်ခံလူ အိုင်ဗန်နိုဗစ်သည် စတုတ်ခ် နောက်ခံလူ ဟုသ်၏ ခေါင်းတိုက်ရှင်းထုတ်ပုံ အားနည်းချက်မှ တစ်ဆင့် ဘောလုံးကို ရင်ဘတ်ဖြင့် တားယူပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးပေါက်လွဲခဲ့သည်။ ပထမပိုင်း အပြီးတွင် နှစ်သင်းလုံး ဂိုးမရဘဲ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။
စတုတ်ခ် တိုက်စစ်မှူး ဖူလာကို အားကစားသမား မပီသသော အပြုအမူအတွက် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့...
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း ချယ်လ်ဆီးက အိမ်ရှင် အခွင့်အရေးရော၊ လူတစ်ဦး အသာ ရနေမှုကိုပါ အားပြုကာ စတုတ်ခ်ကို ဖိအားပေးရန် ကြိုးစားခဲ့သည်။ မိနစ်(၆၀)တွင် တယ်ရီ ရှေ့ထိတက်လာကာ ဂိုးသွင်းရန် ကြိုးပမ်းမှု လွဲချော်သွားသည်။ (၆၇)မိနစ်တွင် လမ်းပတ်၊ မာတာတို့နှင့် ချိတ်ဆက် ကစားပြီး ဒရော့ဂ်ဘာ၏ ဂိုးသွင်းရန် အားထုတ်မှု ကောင်းမွန်ခဲ့သော်လည်း ဘီဂိုဗစ် လက်စွမ်းပြ ပုတ်ထုတ်သွားသည်။ (၆၈)မိနစ်တွင်မူ မာတာ၏ ကောင်းမွန်သော ဖန်တီးပေးပို့မှုမှတစ်ဆင့် ဒရော့ဂ်ဘာက ချယ်လ်ဆီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူ ပေးသွားခဲ့သည်။ (၇၃)မိနစ်တွင် စတုတ်ခ်ဘက်မှ ဝေါ်လ်တာ၏ အားထုတ်မှု ချယ်လ်ဆီး ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ စတုတ်ခ်၏ လူစားဝင် ကစားသမား ကင်မရွန် ဂျရိုမီ ထိုးဖောက်ဂိုးသွင်းရန် ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ပြန်ချေ။ ပွဲပြီးခါနီးတွင် ချယ်လ်ဆီး အသင်း အခွင့်အရေး အချို့ ထပ်မံ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သည့်နောက် အိမ်ကွင်းတွင် စတုတ်ခ်ကို တစ်ဂိုးတည်းဖြင့်သာ အနိုင် ရရှိသွားခဲ့သည်။

ချယ်လ်ဆီး Vs စတုတ်ခ်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် သွားရောက် လေ့လာမှုကို ခံခဲ့ ရသည့်နောက် အီဒင်ဟာဇက် အပေါ် အင်္ဂလန် ချန်ပီယံ အသင်း၏ စိတ်ဝင်စားမှုမှာ ပိုမို ထင်ရှားလာသည်။
ဖာဂူဆန်သည် စနေနေ့ ညက အိုလံပစ် လိုင်ယွန်နှင့် ကစားသည့် ပွဲစဉ်တွင် လိုင်လီ အသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ဗိသုကာ၏ ခြေစွမ်းကို ကိုယ်တိုင် ကြည့်ရှုခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဟာဇက်သည် နွေရာသီတွင် လိုင်လီမှ သေချာပေါက် ထွက်ခွာမည် ဖြစ်ပြီး ၎င်းကို မန်ယူအပြင် ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ် စသည့် အသင်းများကလည်း စိတ်ဝင်စားလျှက် ရှိနေသည်။ လိုင်လီ အသင်းသည် ဆောင်းရာသီ ဈေးကွက်အတွင်း ဟာဇက်ကို ရောင်းချရန် ငြင်းဆို ခဲ့သော်လည်း ရာသီကုန်တွင် ၎င်းကို ဆက်ထိန်းထားရန် မဖြစ်နိုင်ဟု ၀န်ခံထားပြီး ဖြစ်သည်။

ဖာဂူဆန်သည် ၀က်စ်ဘရွန်းဝစ်ခ်ျနှင့် ပရီးမီးယားလိဂ် ပွဲမကစားမီ တစ်ရက်အလိုတွင် ပြင်သစ်သို့ သွားရောက်ပြီး ဟာဇက်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ဟာဇက်က ၎င်းသည် ပွဲကြည့်စင်တွင် ဖာဂူဆန် ရှိနေခဲ့သည်ကို လုံးဝ မသိခဲ့ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသွားသည်။ “သူအဲဒီမှာ ရှိနေတာ ကျွန်တော် မသိပါဘူး။ ခုချိန်မှာတော့ သူလည်း ပင်ပန်း နေရော့မယ်” ဟု ဟာဇက်က ဆိုသည်။ အဆိုပါ ပွဲစဉ်တွင် လိုင်ယွန် အသင်းက ပြင်သစ် လက်ရှိ ချန်ပီယံ အသင်းကို (၂-၁)ဖြင့် အနိုင် ရရှိ သွားခဲ့သည်။

အသင်းကြီးများမှ စိတ်ဝင်စားနေသည့် ဟာဇက်

အသက်(၂၁)နှစ်ရှိ ဟာဇက်သည် နွေရာသီတွင် လိုင်လီမှ သေချာပေါက် ထွက်ခွာမည် ဖြစ်ပြီး ၎င်းကို မန်ယူအပြင် ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်စသည့် အသင်းများကလည်း စိတ်ဝင်စား...
Subscribe to:
Posts (Atom)